ပြင်ဦးလွင်မြို့၌ ယနေ့လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြင်ဦးလွင် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး၊   ပြင်ဦးလွင်မြို့၌  ယနေ့လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်  စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ စာရေးဆရာများ၊ Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ  တက်ရောက်ကြသည်။

ရှေးဦးစွာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ အကြီးကိုကို (ကသာ)၊  ဒေါက်တာကျော်ဆွေညွန့်  (ပါမောက္ခဌာနမှူး၊ မန္တလေး တက္ကသိုလ်သမိုင်းဌာန)နှင့် ဦးသက်နိုင်  (ဥက္ကဋ္ဌ၊ ပြင်ဦးလွင်မြို့နယ်စာရေးဆရာအသင်း)တို့မှ ယနေ့လူငယ်နှင့်စာပေ ခေါင်းစဉ်နှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများစွာ အကြောင်းအရာများကို ဦးတည်ပြီး ဆွေးနွေးပြောကြား ခဲ့သည်။

ဆက်လက်ပြီး စာဖတ်ဝိုင်းဆွေးနွေးသို့ တက်ရောက်လာသူများမှ  ယနေ့လူငယ်နှင့် စာပေခေါင်းစဉ် နှင့်ပတ်သက်သည့်  မိမိတို့မှတ်သားလေ့လာတွေ့ရှိချက်များမှ ရရှိသော စာပေအသိ၊ အမြင်၊ အတွေးများကို စုစည်း၍ အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းနှင့်  စာရေးဆရာအကြီး ကိုကို(ကသာ)မှ  ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည် ။

ခရိုင် (ပြန်/ဆက်)