ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌  ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ရပ်ကွက်များအရောက် လည့်လည်ထိုးနှံပေး

ရန်ကုန် ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့်  ပြည်သူများအား ရပ်ကွက်များအရောက် လှည့်လည် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရ သေးသည့် အသက်(၁၈) နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဧပြီ ၂ ရက်နေ့တွင် မြို့နယ်အတွင်း ရပ်ကွက်များအရောက် ကာကွယ်ဆေး လှည့်လည် ထိုးနှံပေးရာတွင်  (၂၉)ရပ်ကွက်အတွင်းရှိပြည်သူ(၁၆၀)ဦး၊ (၃၆)ရပ်ကွက်အတွင်းရှိ ပြည်သူ(၄၇)ဦး၊ (၄၀)ရပ်ကွက်အတွင်းရှိပြည်သူ(၁၁၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသတင်း ရရှိသည်။

မြင့်မြင့်ရီ