ဥတ္တရသီရိ ဧပြီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆိုခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ်၌ ယနေ့ဖြေဆိုကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ၁၀၆၉ ဦး ရှိပြီး ကျောင်းတွင်းဖြေဆိုသူကျား ၃၀၂ ဦး၊ မ ၃၈၆ ဦး၊ ပြင်ပဖြေဆိုသူကျား ၁၂၈ ဦး၊မ ၁၈၂ ဦးစုစုပေါင်း ၉၉၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူဦးရေ ကျား/မ စုစုပေါင်း ၇၁ ဦး ရှိကြောင်း သိရကာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၃၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိ ရသည်။
ဥတ္တရသီရိမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၆)ခုဖြင့် ဖြေဆို ကျင်းပလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စာစစ်ဌာနအသီးသီးတွင် ယာဉ်အန္တရာယ်ကင်းဝေး စေရန် မော်တော်ယဉ်များရှင်းလင်းခြင်းလုပ်ငန်းများနှင့် အပြင်စည်းလုံခြုံရေး တာဝန်များ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကလည်း ကျောင်းသား၊ ကျောင်းသူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကင်းဝေးစေရန်အတွက် စာမေးပွဲခန်းမဝင်မီ ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)