ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးတို့အတွ

သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သိန္နီ   ဧပြီ   ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းက သင်္ကြန်ကာလ ရုံးပိတ်ရက် များတွင် လုံခြုံရေးဆောင်ရွက်ရန်၊ အခြေခံမဲစာရင်းများမှန်ကန်စွာပြုစုနိုင်ရေး သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ အခြေခံအမဲစာရင်းများကို ကျေးရွာများရှိ မြေပြင်လူဦးရေစာရင်းနှင့် ကိုက်ညီမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် သည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရန်၊ မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များ မရှိစေရေး သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်ကြရန်၊ ကိုယ်ဝန်ဆောင် မိခင်များ Sinopharn ကိုဗစ်ကာကွယ်ဆေးများထိုးနှံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား/ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးဆောင်ရွက်ရန်၊ အသက်(၁၈)ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ ကိုဗစ်ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်၊ မြို့နယ်အတွင်း တရားမဝင်ကုန်စည် စီးဆင်းမှုမရှိစေရေး ဖွဲ့စည်းပေးအပ်ထားသောဌာနများက လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ရန်စသည့်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက လုပ်ငန်းများအလိုက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြ သည်။

အဆိုပါဆွေးနွေးပွဲသို့ သိန္နီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွံ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ စုစုပေါင်း( ၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)