တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာနေ့ ကျောင်းသားကျောင်းသူ  (၁၆၀၇)ဦး ဝင်ရောက်ဖြေဆို

တိုက်ကြီး   ဧပြီ  

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တတိယမြောက်နေ့ သင်္ချာနေ့အဖြစ် ဧပြီ ၂ ရက်နေ့၌ ဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူ (၁၆၀)ဦး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  

တိုက်ကြီးမြို့နယ်၌ စာစစ်ဌာန (၅) ခု ဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) စာစစ်ဌာနတွင် ကျောင်းသား ( ၃၁၇) ဦး ကျောင်းသူ (၃၆၅) ဦး ပေါင်း ( ၆၈၂) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (က္ကံ) စာစစ်ဌာနတွင် ကျောင်းသား (၁၉၉)ဦး ကျောင်းသူ (၂၂၅) ဦး ပေါင်း (၄၂၄)၊ အခြေခံပညာအထက်တန်းကျောင်း (ဖလုံ) စာစစ်ဌာန တွင် ကျောင်းသား (၄၅)ဦး ကျောင်းသူ (၃၃)ဦး ပေါင်း (၇၈)ဦး၊ အခြေခံပညာ အထက်တန်း ကျောင်း (တော်လတီ) စာစစ် ဌာနတွင် ကျောင်းသား (၃၇) ဦး ကျောင်းသူ (၅၅) ဦး ပေါင်း (၉၂) ဦး၊ အခြေခံပညာအထက်တန်းကျောင်း (အဖျောက်) စာစစ်ဌာနတွင် ကျောင်းသား (၁၆၂) ဦး ကျောင်းသူ (၁၆၉) ဦး ပေါင်း (၃၃၁)ဦး ရှိပြီး စာစစ်ဌာန (၅)ခုတွင် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား ( ၇၆၀)ဦး၊ ကျောင်းသူ ( ၈၄၇) ဦး၊ စုစုပေါင်း ( ၁၆၀၇)ဦး ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား (၁၁၀) ဦး ကျောင်းသူ (၇၇) ဦး စုစုပေါင်း (၁၈၇)ဦးရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၈၉.၅၈ ) ရှိသည်။

ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအ လိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)