ချီဖွေမြို့နယ်၌  တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူပေါင်း (၁၀၃)ဦးရှိ

ချီဖွေ   ဧပြီ     ၂

မြစ်ကြီးနားခရိုင်၊ချီဖွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ ယနေ့နံနက်(၉) နာရီမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်အနေဖြင့် ယနေ့ဖြေဆိုနေသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ(၁၀၃)ဦး ရှိပြီးဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ  (၈၃.၇၄) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြပြီး ပျက်ကွက်သည့် ကျောင်းသား၊ ကျောင်းသူ (၁၆.၂၆) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရှိရသည်။

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာယာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းတွင်းလုံခြုံရေးနှင့် ကျောင်းပြင် လုံခြုံရေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/‌ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)