တောင်သာ ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ဆဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာ ယနေ့အထိ လူဦးရေပေါင်း (၄၇၄၀) ဦးရှိပြီး ယနေ့ (၉) ဦးကို စတင်ထိုးနှံပေးခြင်းအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးဟန်သူရနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်သာ (အထက) ကျောင်းတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဋ္ဌမ အသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများ ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)