ညောင်ရွှေမြို့နယ်အတွင်း နိုင်ငံသားကတ်(မှတ်ပုံတင်)စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းရှိ/မရှိ စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်

ညောင်ရွှေ     ဧပြီ     ၂

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လိုအပ်ချက်အရ သွားလာနေကြသည့် မိဘပြည်သူများ အနေဖြင့် ခရီးသွားရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင်ထုတ် ပေးထားသည့် နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသ၍စစ်ဆေးခံရမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိ ပေးနှိုးဆော်ထားပြီးဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ နိုင်ငံသားကတ်(မှတ်ပုံတင်) စစ်ဆေးခြင်းကိုယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရေးဂိတ်စခန်းများဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုအပ်ချက်အရသွားလာနေကြသည့် မိဘပြည်သူများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်း အထောက်အထား ကတ်ပြားကိုလည်းစစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူ များအား ကျန်းမာရေးဌာနမှ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ