ကလော ဧပြီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်ကစာရေးဆရာ မောင်မိုးယံရေးသားသည့် လူငယ်နှင့်အနာဂတ်မြှင့်တင်ရေး ဆောင်းပါး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေး အမြင်များရ ရှိ၍ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များရရှိလာစေရေးနိုင် စေရန်စသည့် ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး စာရေးဆရာ မောင်မိုးယံ ရေးသားသည့် လူငယ် နှင့်အနာဂတ်မြှင့် တင်ရေးဆောင်းပါးစာအုပ်မှာ အခန်းပေါင်း(၁၆)ခန်းပါရှိသည့် အထဲမှလူငယ် နှင့်စာပေမြတ်နိုးစိတ်ခေါင်းစဉ် စာအုပ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ စာပေဝါသနာ ရှင် မောင်ထက်စိုးက လူငယ်နှင့်လူမှုဆက်ဆံရေး ခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးကြရာ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန်ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)