လသာ စက်တင်ဘာ ၁
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ် တည်း ၃၀၀၀ဝိ/- (သုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ထိုသို့ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်း ပေးသွင်း ရမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင် များကို ကိုဗစ်ကာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် (၉)ခုသာ ရရှိ ပြီး ကျန်တိုင်းဒေသကြီး ပြည်နယ်များတွင် MCCT မှ တစ်ဆင့် ထောက်ပံ့လျက်ရှိသည်။
ထိုသို့ စာရင်းပေးသွင်းရာတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ကိုယ်ဝန် ဆောင်မိခင်များ အားလုံးအနေဖြင့် ထောက်ပံ့ပေးမှုတွင် ကျန်ရှိမှုများ မဖြစ်စေရန်အတွက် အဆိုပါ Application တွင် စာရင်းမသွင်း ရသေးသူများအား မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနတွင် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် ထို့သို့လာရောက် စာရင်း ပေးသွင်းရာတွင် ကိုယ်ဝန်ဆောင်မှတ်တမ်း စာအုပ်(သို့) ကိုယ်ဝန်အပ်သည့်အခါ ထုတ်ပေးလိုက်သည့် ဆေးမှတ်တမ်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် လက်ကိုင်ဖုန်းများကိုပါ အတူတကွ ယူဆောင်လာကြရန် သက်ဆိုင်ရာရပ်ကွက် များမှ နှိုးဆော်ကြေညာပေးလျက်ရှိကြောင်း လသာမြို့နယ်၊ လူဝန်ထမ်းဦးစီးဌာန၊ အမှတ်(၆) မူလတန်းကြိုကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခိုင်ခိုင်ထံမှ သိရသည်။
အဆိုပါထောက်ပံ့ခြင်းတွင် လက်ရှိကိုယ်ဝန်ဆောင်မိခင်များနှင့် သြဂုတ်လ(၁)ရက်နေ့နောက်ပိုင်းမွေးဖွားသူ မိခင်များပါရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
မေသူ(ပြန်/ဆက်)