ကျောက်တလုံးကြီးမြို့တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

 

ကျောက်တလုံးကြီး  စက်တင်ဘာ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၀ပြည့်နှစ်၊    နိုဝင်ဘာလ   ၈  ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အတွက်    လွှတ်တော်  ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း များကို စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကေျာက်တလုံးကြီးမြို့ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ မှ ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လွှတ်တော်အသီးသီး၏   ကိုယ်စားလှယ်လောင်း အမည်စာရင်းများ  ထုတ်ပြန်ကြေညာရာ  တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း(၁၁)ဦး၊ မဲဆန္ဒနယ် အမှတ်(၄) အမျိုးသား လွှတ်တော်ကိုယ်စား လှယ်လောင်း (၁၀)ဦး၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း(၉)ဦး၊ တိုင်းရင်းသား

လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းများမှ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး  ကချင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း(၅)ဦး၊ လီဆူတိုင်းရင်းသား လွှတ်တော် ကိုယ်စား  လှယ် လောင်း (၇)ဦး၊ အင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ကယန်းတိုင်းရင်း သား လူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ အာခါတိုင်းသား  လူမျိုး လွှတ်တော် ကိုယ်စား လှယ် လောင်း(၄)ဦး စုစု ပေါင်း (၆၇)ဦး ရှိပြီးပြည်သူလူထု  များကျယ်ကျယ်ပြန့်ပြန့်  သိရှိနိုင်စေရန်အတွက်သက်  ဆိုင်ရာ မြို့ပေါ် ရပ်ကွက် အုပ်ချုပ် ရေးမှူး ရုံးများနှင့် ကျေးရွာအုပ်စု   အုပ်ချုပ်ရေး မှူးရုံးများ၌ ထပ်ဆင့်ထုတ်  ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)