နောင်ချို ဧပြီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဆရာတော်အား သာသနာရေး၊ ပရဟိတအရေးကိစ္စများတွင်အသုံးပြုရန် မော်တော်ယာဉ်တစ်စီးကို ယမန်နေ့က လှူဒါန်း ခဲ့ကြောင်းသိရသည်။ လှူဒါန်းရာတွင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်နေဘုရား၊ သိမ်၊ ကျောင်း ရဟန်းဒါယိကာမကြီးဒေါ်တင်ရီမှ သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တ ပညာလင်္ကာရအား သာသနာရေး၊ ပရဟိတအရေးကိစ္စများတွင်အသုံးပြုရန် INSIGHT မော်တော်ယာဉ် တစ်စီးကို လှူဒါန်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
သဖန်းကိုင်းပရဟိတဆရာတော်သည် သဖန်းကိုင်းပရဟိတအသင်းကို ဦးဆောင်ဖွင့်လှစ်ထားပြီး မြို့နယ်အတွင်း ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ထေးငယ်(ပြန်/ဆက်)