အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန် က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် တောင်သူကုန်း ရပ်ကွက် အတွင်း ဆောင်ရွက်လျက်ရှိသော ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာ၏ လုပ်ငန်းများ၊ ရေစီးရေလာဌာန၏ လုပ်ငန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းလုပ်ငန်းများကို ကူညီပံ့ပိုးပေးလျက်ရှိသော ရပ်မိရပ်ဖများ၊ ရာအိမ်မှူး များ၊ ဆယ်အိမ်မှူးများ၊ ကိုယ်ထူ ကိုယ်ထ လုပ်အားပေးနေကြသော လူငယ်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက်၊ စောလေးကျင်ကုန်းလမ်း ဝဲ/ယာ တစ်လျှောက် (၃၆၀xx၄)ပေရှိ အုတ်ရေ မြောင်း ပြုလုပ်လျက်ရှိသော ခရိုင်ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံအဖွဲ့မှ AE ဦးသန်းထွန်း၏ လုပ်ငန်းခွင် သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)