မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဧပြီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်လမ်းဦးစီးဌာန တာချီလိတ်ခရိုင် အင်ဂျင်နီယာ မှူး ဦးဇော်မျိုးမောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ဝမ်မန်းကျေးရွာအုပ်စု၊ ယမ်းပုံးကျေးရွာ အဝင်လမ်း မြေသားလမ်းချဲ့ခြင်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လမ်းတံတားများ ရေရှည်တည်တံ့ကောင်းမွန်စေရန် ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများက စည်းရုံးထိန်းသိမ်းသွားကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် ကျေးလက်နေပြည်သူများ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ဝမ်လျှန့်ကျေးရွာ အဝင်တံတား အသစ်တည်ဆောက်နိုင်ရေး လျာထားတင်ပြသွားရန်အတွက် ကြည့်ရှု စစ်ဆေးခဲ့သည်။

"ကျွန်တော်တို့ရဲ့ ကျေးရွာအဝင်တံတားကို တည်ဆောက်ပေးခဲ့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့တတွေ၊ ကျေးလက်နေပြည်သူတွေ ရာသီမရွေး ကောင်းမွန်စွာနဲ့ တစ်ရွာနဲ့တစ်ရွာ အလွယ်တကူ ချိတ်ဆက် ကူးသန်းသွားလာနိုင်ပြီးတော့ ကုန်စည်စီးဆင်းမှုလည်း ယခင်ကထက် ပိုမိုမြန်ဆန်လာမယ်။ ဒါ့အပြင် တခြားကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်မြေဒေသဖွံ့ဖြိုးရေးတွေကိုလည်း များစွာအထောက်အကူပြုမယ်ဖြစ်လို့ ကျေးလက်နေပြည်သူ တွေရဲ့ဘဝလည်း ဒီတံတားနဲ့အတူ ဖွံ့ဖြိုးတိုးတက်လာမယ်”ဟု ဝမ်လျှန့်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

စိုင်းအောင်ဇော်လင်း