မိုင်းဖြတ် ဧပြီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များ၌ အချိန်ကို အကျိုးရှိစွာအသုံးချရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က သင်တန်းများဖွင့်လှစ်နိုင်ရေး ရည်ရွယ်ချက်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ညွှန်ကြားချက်များ၊ နွေရာသီကျောင်းပိတ်ရက်များ၌ သက်ဆိုင်ရာဦးစီးဌာနနှင့် Book Club ၊ Youth Club၊ Womem Club တို့နှင့်ပူးပေါင်းပြီး ဖွင့်လှစ်သွားမည့်သင်တန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် သင်တန်းနည်းပြများနှင့် သင်တန်းများဖွင့်လှစ်ရာတွင် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် အဖွဲ့များက သင်တန်းများဖွင့်လှစ်ရာတွင် သင်တန်းသား၊ သင်တန်းသူများရရှိနိုင်ရေး၊ ဖွင့်လှစ်မည်သင်တန်းများ၊ သင်တန်းရက်သက်မှတ်ချက်များ၊ လိုအပ်ချက် ကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ သင်တန်းများဖွင့်လှစ်ရာတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံ(ခဲပန်းချီ)သင်တန်း၊ မိုဘိုင်းဖုန်း ဖြင့် ဗီဒီယိုတည်းဖြတ်နည်း အခြေခံသင်တန်း၊ ဇာထိုး/ပန်းထိုးသင်တန်း၊ (Finance Dance)တို့ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ သတ်မှတ်ရက်များအလိုက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး