ဒဂုံမြောက် စက်တင်ဘာ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အရွေးချယ်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၀ ရက်နေ့မှစ၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်ရုံးများတွင် ပုံစံ(၁၀) ၊ ပုံစံ(၁၀-က)တို့ဖြင့် ပြည်သူများ ကြည့်ရှုနိုင်ရန် ကပ်ထားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ပါတီ (၈)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း(၉)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း(၇)ဦး၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရပါသည်။
ပပ(ပြန်/ဆက်)