ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆို

ထန်းတပင် ဧပြီ 

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မတ်လ(၃၁)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာမြို့နယ် စာစစ်ဌာနများအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်း က ဒုတိယမြောက်နေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အတွင်းရှိ စာစစ်ဌာန ()ခုတို့တွင် အေးချမ်းပျော်ရွှင်စွာဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ..က (ထန်းတပင်) ..က (လှည်းဆိပ်)နှင့် ..က(ကျူတော) ကျောင်းစာစစ်ဌာန ()ခုတို့တွင် ကျင်းပပြုလုပ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယမြောက်နေ့ ဝင်ရောက်ဖြေဆိုရာတွင်လည်း ကျောင်းတွင်းဖြေဆိုသည့် ကျောင်းသား (၂၁၃)ဦး၊ ကျောင်းသူ(၂၈၁)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသည့် ကျောင်းသား(၇၃)ဦး၊  ကျောင်းသူ(၁၁၃)ဦးရှိရာ ကျောင်းတွင်းနှင့် ကျောင်းပြင်ပကျောင်းသား (၂၈၆)ဦးနှင့် ကျောင်းသူ (၃၉၄)ဦး စုစုပေါင်း(၆၈၀)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)