မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ၌ (၁၆)ခုတင်ဆံ့ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် ဧပြီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ၌ (၁၆)ခုတင်ဆံ့ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် (၁၆)ကုတင်ဆံ့ အဆောက်အဦ အလှူရှင် ဦးထွန်းလွင်ဦးတို့က အမှာစကားပြောကြားပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အလှူရှင် ဦးထွန်းလွင်ဦးတို့က အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အလှူရှင် ဦးထွန်းလွင်ဦးက လက်ခံရယူခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက်ခဲ့ကြသည့် ဆရာဝန်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၆)ကုတင်ဆံ့ အဆောက်အဦအား ဆောင်းချယ်ရီမိသားစုမှ ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့က စတင်၍ ငွေကျပ်သိန်း(၃၅၀)ဖြင့် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၂ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း အလှူရှင် မိသားစုထံမှ သိရသည်။

မြင့်မောင်