မိုင်းဆတ် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် MASK တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့မဈေးရှေ့နှင့် မိုင်းတုံ လမ်းဆုံတို့တွင် ဆောင်ရွက် ခဲ့သည်။
မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဖြတ်သန်းသွားလာလျက်ရှိသော ဒေသခံပြည်သူများနှင့် မြို့မဈေးသို့ ဈေးဝယ် လာသူများအား နေအိမ်ပြင်ပ ထွက်သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရန်၊ မဖြစ်မနေ သွားလာ ရပါက နှာခေါင်းစည်း (MASK)များ တပ်ဆင် သွားလာရန်နှင့် လူစုလူဝေးရှောင်ကြဉ်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
မြို့မဈေးရှေ့တွင် အသိပညာပေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံ လမ်းဆုံတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုထွန်း ဦးဆောင်သော မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် ပိုင်းက မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် MASK တပ်ဆင် သွားလာ ခြင်း မရှိသူ(၁၄)ဦးအား MASK (၁၀)ခု ဝယ်ယူစေ၍ (၅)ခုအား မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံ လှူဒါန်းစေပြီး ကျန်(၅)ခုအနက်တစ်ခုကို တစ်ပါတည်း တပ်ဆင်ပြီးမှသာ လိုရာ ခရီးဆက်သွားခွင့်ပြုခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)