ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းအား စံပြမီးသတ်စခန်းဆု ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဧပြီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းအား ၂၀၂၂ ခုနှစ် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် စံပြမီးသတ်စခန်းဆု ချီးမြှင်နိုင်ရေးအတွက် ဗဟိုအဖွဲ့ (ဌာနချုပ်အဆင့်)မှ ယနေ့နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်စခန်း ဆုချီးမြှင့်ရေး ဗဟိုအဖွဲ့(ဌာနချုပ်အဆင့်)မှ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးစောထွန်းနှင့် အဖွဲ့ဝင်များက မီးသတ်စခန်းအ င်္ဂါရပ်နှင့်အညီ ပြည့်စုံစွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ စခန်းသာယာ လှပရေး ဆောင်ရွက်ထားခြင်း၊ တပ်ဖွဲ့ဝင်များ၏ ဝတ်စားဆင်ယင်မှု၊ မီးသတ်ယာဉ်များ၏ ပစ္စည်းကရိယာပိုင်းများ၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ဆောင်ရွက်ထားရှိမှု အခြအနေ၊ တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေး၊ ကျန်းမာ ပျော်ရွှင်ရေးအတွက် ဘက်စုံဆောင်ရွက်ပေးနေမှု အခြေအနေများ ပြည့်စုံမှုရှိ/မရှိ စသည့် အချက်များအပေါ် မူတည်၍ အမှတ်ပေးစစ်ဆေးခဲ့သည်။

ထို့ပြင် တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းဆောင်ရည်များ ပိုမိုတိုးတက်စေရေး အတွက် မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်နေမှုကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)