ညောင်ရွှေမြို့နယ်အတွင်း နိုင်ငံသားကတ်(မှတ်ပုံတင်)စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်

ညောင်ရွှေ  ဧပြီ  ၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လိုအပ်ချက်အရ သွားလာနေကြသည့် မိဘပြည်သူများအနေဖြင့် ခရီးသွားရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်း များတွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသ၍စစ်ဆေးခံရမည်ဖြစ်ကြောင်း သက်ဆိုင် ရာမှ အသိပေးနှိုးဆော်ထားပြီးဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့မှ နိုင်ငံသားကတ်(မှတ်ပုံတင်) စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ စစ်ဆေးရေးဂိတ်စခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရေးဂိတ်စခန်းများဖွင့်လှစ် ဆောင်ရွက်ရာတွင် လိုအပ်ချက်အရသွားလာနေကြသည့် မိဘပြည်သူများအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်း အထောက်အထား ကတ်ပြားကိုလည်းစစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများအား ကျန်းမာရေးဌာနမှ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ