“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ် မက်မန်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ

မက်မန်း ဧပြီ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာဝန်ထမ်းများ ယမန်နေ့နံနက်နေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်က  “ယခုကဲ့သို့ နယ်စွန်နယ်ဖျား လာရောက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ဂုဏ်ယူ မိပါကြောင်း၊ မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထား ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ကြ စေလိုပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သွားကြရန် လိုကြောင်း” ပြောကြားပါသည်။

ဆက်လက်၍  မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းမှ ဒေသအချက်အလက် များ၊ ဒေသအတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို လည်းကောင်း၊ ဒေသတွင်း သား၊ ငါး၊ ဆန်၊ ဆီ ဖူလုံမှုရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင် များသည် မွန်းလွဲ(၁)နာရီတွင် မက်မန်းခရိုင်အတွင်းရှိ အသက်(၆၅)နှင့်အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများသို့ ကိုဗစ်-၁၉ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်