ကျိုင်းတုံ ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်ထိ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များရှိ စာစစ်ဌာန အသီးသီးတွင် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၁၇ ခု ဖွင့်လှစ် ဖွင့်လှစ်ထားရှိပြီး စာမေးပွဲ ဒုတိယနေ့၌ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၂၄၃၉ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကာ ဖြေဆိုသည့်ရာခိုင်နှုန်း ၈၉.၈၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
အောင်ဇင်မြင့်