ရပ်စောက် ဧပြီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား စာစစ်ဌာန(၉)ခုဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ အေးချမ်းစွာဖြင့် ဖြေဆိုခဲ့ကြသည်။
စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနပြင်ပများ၌ မြို့နယ်ရဲတပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ရပ်စောက်မြို့နယ်အနေဖြင့် ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား (၄၁၅)ဦး၊ ကျောင်းသူ (၇၉၅)ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၁၂၁၀)ဦးရှိကြောင်းနှင့် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း ထားသည့် ကျောင်းသား/ကျောင်းသူ၏ (၉၂ဒသမ၃၀)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြပြီး (၇ဒသမ၇၀) ရာခိုင်နှုန်း ဖြေဆိုရန် ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ရဲထက်ဦး