ကျောက်တော်မြို့နယ်ရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၄၀၆၆) ဦး ဆက်လက်ဖြေဆို

ကျောက်တော် ဧပြီ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် မတ်လ (၃၁)ရက်နေ့မှစတင်၍ စာစစ်ဌာန (၁၀)ခုနှစ် စတင်ဖြေဆိုကျင်းပလျက်ရှိရာ ကျောက်တော်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၀)ခု၌ (ဒုတိ ယနေ့) အင်္ဂလိပ်စာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၄၀၆၆) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောက်တော်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၃၁)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ သက်ဆိုင်ရာစာစစ်ဌာန(၁၀)ခုဖြစ်သည့် အ-ထ-က ကျောက်တော်၊ အ-ထ-က (မြို့မ) ၊ အ-ထ-က(ခွဲ) ၊ အ-ထ-က (ညောင် ပင်လှ) ၊ အ-ထ-က(ရွှေပြည်) ၊ အ-ထ-က(အပေါက်ဝ)၊ အ-ထ-က(ဒုက္ကန်ချောင်း)၊ အ-ထ-က(ကန်စောက်)၊ အ-ထ-က(သရက်တပင်)နှင့် အ-ထ-က(ခွဲ) ကျားနင်းကန် စာစစ်ဌာနများတွင် တစ်နေ့လျှင် ဘာသာရပ်(၁)ခုနှုန်းဖြင့် နံနက် ၉ နာရီအချိန်မှ ၁၂ နာရီအချိန်ထိ ၃ နာရီကြာ မေးခွန်းလွှာများကိုသက်ဆိုင်ရာစာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမများမှ စနစ်တကျ ကြီးကြပ် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကျောင်းသား၊ ကျောင်းသူများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။ ကျောက်တော်မြို့နယ် အတွင်းရှိ  စာစစ်ဌာန(၁၀)ခုတွင် ယနေ့အင်္ဂလိပ်စာ ဘာသာရပ် အား ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၃၉၂)ဦး ရှိသည့်အနက် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၁၇၂၂)ဦး ၊ကျောင်းသူ(၂၃၄၄) ဦး ဝင်ရောက်ဖြေဆိုရာ စုစုပေါင်း ဝင်ရောက် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၆၆)ဦးရှိရာ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုရန် ပျက်ကွက်သူ ကျား(၁၇၇)ဦး၊ ဖြေဆိုရန်ပျက်ကွက်သူ မ(၁၄၉)ဦး စုစုပေါင်းဖြေဆိုရန်ပျက်ကွက်သူ (၃၂၆)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ရာခိုင်နှုန်းမှာ(၇.၄၂)ရာခိုင်နှုန်းဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၂.၅၈)ရာခိုင် နှုန်းရှိပြီး ယနေ့အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာ၌ အ-ထ-က (မြို့မ) စာစစ်ဌာနမှ (အဘ)ဦးသာထွန်း စိန်၏သား (ဒခ-၈၁၉) မောင်ခိုင် ရာဇာထွန်း (Noble) ကိုယ်ပိုင်အထက်ကျောင်းမှာ (AVZC) Vomiting ရောဂါကြောင့် ပြည်သူ့ဆေးရုံ(ကျောက်တော်)မြို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်မောင်ထွန်း