တောင်ကြီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယ)နေ့တွင် ကျောင်းသား/သူများ ဖြေဆို

တောင်ကြီး ဧပြီ  ၁

 ၂၀၂၁ - ၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယမန်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ တက္ကသိုလ် ဝင်တန်းစာမေးပွဲ(ဒုတိယ)နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ စာစစ်ဌာနအသီးသီး၌  ကျောင်းသား / ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

တောင်ကြီးမြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၁၅)ခုရှိပြီး တောင်ကြီးမြို့စာစစ်ဌာန(၉)ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၉၄၆) ဦး၊ အ-ေးသာယာမြို့စာစစ်ဌာန (၂) ခုမှ ကျောင်းသား၊ ကျောင်းသူ (၆၉၃) ဦး၊ ရွှေညောင်မြို့စာစစ်ဌာန (၃) ခုမှ ကျောင်းသား၊ ကျောင်းသူ (၉၀၇) ဦး၊ ကျောက်တလုံးကြီးမြို့ စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူ (၁၇၁) ဦး၊ စုစုပေါင်း (၃၇၁၇)ဦးတို့ ဝင်ရောက်ဖြေဆိုရန် စာရေးပေးသွင်းထားပြီး ယနေ့တွင် ကျောင်းသား/သူ (၃၄၁၁)ဦး ဝင်ရောက်ဖြေဆိုကြောင်းနှင့်  ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင် ရေး ပြည်နယ်/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းသန်းကျော်