တာလေမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယနေ့အဖြစ် ကျောင်သားကျောင်းသူများ ဆက်လက်ဖြေဆို

တာလေ ဧပြီ   ၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင်​ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ကျောင်းသား ကျောင်းသူများက ဒုတိယနေ့အဖြစ် အဂ်လိပ်စာ ဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို နေ့စဉ် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ​ကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဒေါ်အမာကြည်က ကြည့်ကြပ်ရေးမှူးအဖြစ် အနီးကပ်စီမံကြည့်ကြပ်ပြီး တာဝန်ရှိသူ များက ကြည့်ကြပ်ဆောင်ရွက် ပေးလျက်ရှိပြီး ကျောင်းပြင်ပတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိ သူများက ဝိုင်းဝန်းကြည့်ကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

တာလေမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူ (၅၉)ဦး ရှိပြီး စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ(၅၄)ဦးရှိကြောင်း အ.ထ.က - တာလေ၊ စာစစ်ဌာနမှ သိရသည်။

အောင်ကျော်မိုး