လွိုင်လင်မြို့နယ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဖြေဆို

လွိုင်လင် ဧပြီ ၁

 ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် အထက-၁( လွိုင်လင်) ၊အထက-၂( လွိုင်လင်) အထက-၁( ပင်လုံ) ၊ အထက-၂( ပင်လုံ) နှင့် အထက( မိုင်းပွန်) စသည့်စာစစ်ဌာန ၅ ခုတွင် အင်္ဂလိပ်ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီမှစတင်၍  စာစစ်ဌာန အသီးသီး၌ ဖြေဆိုကြောင်းသိရသည်။

လွိုင်လင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲသို့ စာရင်းပေးသွင်းထားသူ (၈၈၉) ဦးရှိရာ ယနေ့ဖြေဆိုသူ( ၈၀၆ ) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ( ၈၃ ) ဦးရှိကြောင်းနှင့် ဖြေဆိုမှုမှာ  (၉၀.၆၆)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။

လွိုင်လင်မိုး