မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ဆင်ဖြူစာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့ မြို့နယ် မီးသတ်စခန်းနှင့် မြို့နယ်စည်ပင်သာယာ‌ရေး အဖွဲ့တို့မှ သောက်သုံးရေပြတ်လပ်မှု မရှိစေရေး သွားရောက်လှူဒါန်း

မော်လမြိုင်  ဧပြီ ၁

နွေရာသီကာလအတွင်း သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ဆင်ဖြူစာသင်တိုက်ဘုန်းတော်ကြီးကျောင်းသို့ မြို့နယ်မီးသတ် စခန်းနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ပူးပေါင်း၍ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရေး အတွက် ယမန်နေ့က  သွားရောက်လှူဒါန်းခဲ့သည်။

နှစ်စဉ် သောက်သုံးရေတွင်း/ရေကန်များတွင် ပူပြင်းသောအပူချိန်ကြောင့် ရေများခန်း ခြောက်စပြုလာ၍ သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် မြို့နယ်မီးသတ် ဦးစီးအရာရှိ နှင့်အရန်တပ်ဖွဲ့ဝင်များက ရေဂါလံ ၁၆၀၀ဆန့်မီးသတ်ရေသည် ယာဉ် ၂ စီးဖြင့် ရေဂါလံ (၃၂၀၀ )၊မြို့နယ်စည်ပင်သာယာအဖွဲ့မှ ရေဂါလံ (၁၂၀၀)ဆန့် ရေသည်ယာဥ်ဖြင့် ဘုန်းတော်ကြီးကျောင်းသို့ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း ၊မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်လာပါက အချိန်မရွေး မြို့နယ် မီးသတ် ဦးစီးဌာနသို့ အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားပြီး ပြည်သူ့အကျိုးပြု သောက်သုံးရေ လှူဒါန်းပေးဝေမှုလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ များနှင့်ပူးပေါင်းကာလိုက်လံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြတ်သီတာ ( ပြန်ဆက်)