နွားထိုးကြီး မတ် ၃၁
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ မြို့နယ် မိခင်ကလေး ကျန်းမာရေးဌာန၊ သုခချမ်းသာကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြု အသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Covi shleld အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ(၁၁)ဦး (11 Dose) ထိုးနှံလျက်ရှိရာ အသက်(၁၈)နှစ် နှင့် အထက် ပြည်သူ(၁၅၅၇၇၀)ဦးလျာထားပြီး ယနေ့တွင် (၁၃၂)ဦး ထိုးနှံပေးခဲ့ရာ စုစုပေါင်း (၈၄၂၅၀)ဦး ဆေးထိုးပြီး ဖြစ်ပြီး၊ ကျန်ရှိသူ (၇၁၅၂၀)ဦးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ထံမှသိရသည်။ ကိုဗစ်-၁၉ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ ဝင်နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ကျေးရွာများရှိပြည်သူများကိုလည်းသတ် မှတ်ဦးစားပေး အုပ်စု အလိုက်ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်