မှော်ဘီ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာကို ယနေ့နံနက်(၉)နာရီအချိန်တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် စာဖြေဌာန(၇)ခု ဖွင့်လှစ်ထားပြီး အ.ထ.က(၁)စာစစ်ဌာန(၁)တွင် စာရင်းရှိ (၃၁၆)ဦး ဖြေဆိုသူ(၂၈၇)ဦး ပျက်ကွက် (၂၉)ဦး၊ အ.ထ.က(၁) စာစစ်ဌာန(၂)တွင် စာရင်းရှိ(၄၅၀)ဦး ဖြေဆိုသူ(၃၉၃)ဦးပျက်ကွက်(၅၇)ဦး၊ အ.ထ.က(၂)စာစစ်ဌာန(၁)တွင် စာရင်းရှိ(၅၁၁)ဦး၊ ဖြေဆိုသူ(၄၈၂)ဦး၊ ပျက်ကွက်(၂၉)ဦး၊ အ.ထ.က(၂)စာစစ်ဌာန(၂)တွင် စာရင်းရှိ(၅၄၇)ဦး၊ ဖြေဆိုသူ(၄၆၈)ဦး၊ ပျက်ကွက် (၇၉)ဦး၊ အ.ထ.က(တပ်ကြီးကုန်း)တွင် စာရင်းရှိ(၄၂၂)ဦး၊ ဖြေဆိုသူ(၃၇၅)ဦး၊ ပျက်ကွက်(၄၇)ဦး၊ အ.ထ.က(မြောင်းတကာ)တွင် စာရင်းရှိ (၁၇၆)ဦး၊ဖြေဆိုသူ(၁၆၂)ဦး၊ ပျက်ကွက်(၁၄)ဦး၊ အ.ထ.က (ရွှေမြယာကုန်း)တွင် စာရင်းရှိ(၁၇၂)ဦး၊ ဖြေဆိုသူ(၁၆၄) ဦး၊ ပျက်ကွက်(၈)ဦးရှိကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် စာစစ်ဌာန(၇)ခုရှိ အ.ထ.က ကျောင်းများတွင် အတွင်းဖြေကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၁၅၆၃)ဦးဖြေဆိုသူ(၁၄၆၂)ဦးပျက်ကွက်(၁၀၁)ဦးရှိပြီး အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၁၀၃၁)ဦး၊ ဖြေဆိုသူ(၈၆၉)ဦး၊ ပျက်ကွက်(၁၆၂)ဦး ဖြေဆိုမှုရာခိုင်နှုန်း ၈၉.၈၆ ရာခိုင်နှုန်း ဝင်ရောက်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)