လှည်းကူးမြို့နယ်တွင်၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၁၄၇) ဦး ဝင်ရောက်ဖြေဆို

လှည်းကူး မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှစတင်၍ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာတက္ကသိုလ်ဝင်စာမေးပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများတို့မှကျောင်းသား၊ ကျောင်းသူ(၂၁၄၇)ဦးတို့ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

လှည်းကူးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ ကိုယ်ပိုင် ကျောင်း(၃)ကျောင်းရှိပြီး စာရင်းရှိကျောင်းသား၊ ကျောင်းသူဦးရေ(၂၃၂၃)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၁၄၇)ဦး ဖြေဆိုပြီး ရာခိုင်နှုန်းအားဖြင့်(၉၂.၄၂)ရာနှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆို နိုင်ရေးအတွက်လည်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အခြေ ခံပညာဦးစီးဌာနမှ တာဝန် ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)