နောင်ချို၌ သာသနာဓဇဓမ္မာစရိယ စာချတန်းအောင်သံဃာတော်အရှင်သူမြတ် (၂)ပါးအား ချီးကျူး ဂုဏ်ပြုပူဇော်

နောင်ချို မတ် ၃၁

 ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်၌ သာသနာဓဇဓမ္မာစရိယ စာချတန်းအောင် သံဃာတော်အရှင်သူမြတ် ၂ပါးအားချီးကျူး ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က ဟော်တော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ ၃ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ သံဃာတော် အရှင်မြတ်များထံမှ မေတ္တာသုတ် ပရိတ်တော် နာကြားကြည်ညိုခဲ့ကြသည်။ ၎င်းနောက် အရှင်မြတ်၂ပါး၏ ဆရာဖြစ်တော်မူသော ဟော်တော် ကျောင်းဆရာတော် ဘုရားမှ အနုမောဒနာကထာ မိန့်ကြား၍ ပူဇော်ခံအရှင်မြတ် ၂ပါးအားလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ရာတွင် အရှင်မြတ် ၁ ပါးလျှင် အလှူတော်ငွေကျပ် ၄၇သိန်း၅သောင်း လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

ထွေးငယ် ပြန်ဆက်