နောင်ချို မတ် ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉၉၇)ဦး အေးချမ်းစွာဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ အေးချမ်းစွာဖြေဆိုသွားလာနိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယာဉ်ထိန်းတပ်ဖွဲတို့မှ ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး နောင်ချိုမြို့နယ် တွင် စာစစ်ဌာန(၄)ခုရှိပြီး၊ ကျောင်းသား၊ ကျောင်းသူဖြေဆိုသူ(၉၉၇)ဦးမှ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ပညာရေးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)