လယ်ဝေးမြို့နယ်အတွင်းရှိစာစစ်ဌာနများတွင်တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့စတင်ဖြေဆို

လယ်ဝေး    မတ်     ၃၁

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၁.၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာရပ်)အား ယနေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်းရှိစာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က သပြေပင်၊ အ.ထ.က(၄)၊ အ.ထ.က.အေလာ၊ အ.ထ.က သာဝတ္ထိ၊ အ.ထ.က သဲကောကြီး၊ အ.ထ.ကကန်လှ၊ အ.ထ.ကကံသာ၊ အ.ထ.ကသစ်ပုတ်ပင်၊ အ.ထ.ကဥသျှစ်လှိုင်း၊ အ.ထ.က ဝက္ကမူ၊ အ.ထ.က(၁၇) စသည့်စာစစ်ဌာနများ တွင်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ (၃၈၆၆) ရှိပြီး လာရောက်ဖြေဆိုသူ(၃၆၀၁)ဦး ရှိရာ ဖြေဆိုသူ ရာခိုင်နှုန်း(၉၃.၁၅) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်လွင်ထံမှသိရသည်။

ဝေကြည်(ပြန်/ဆက်)