မြင်းခြံမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မြင်းခြံ မတ် ၃၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ယနေ့ နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် အထက-၁(မြင်းခြံ)နှင့် အထက(ဆီမီးခုံ) စာစစ်ဌာန (၂) ခုတွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၂၃၉) ဦးနှင့် ကျောင်းသူ (၃၆၄) ဦး စုစုပေါင်း(၆၀၃) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၉၈) ဦးနှင့် ကျောင်းသူ (၃၁၈)ဦး စုစုပေါင်း (၅၁၆) ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား (၄၁) ဦးနှင့် ကျောင်းသူ (၄၆) ဦး စုစုပေါင်း (၈၇) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး(တာဝန်ပေး) ဦးစိုးမြင့်ချိုထံက သိရသည်။

ကျော်စွာ(မြင်းခြံ)