နွားထိုးကြီးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို

နွားထိုးကြီး မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝှမ်း ယနေ့မှစ၍ စတင် ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ တစ်နေ့လျှင်(၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီအကြာဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။

နွား ထိုးကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၆ ခုဖြစ်သော အထက-နွားထိုးကြီး၊အထက-မြို့မ၊အထက-ပြင်စည်၊ အထက-ကနား၊ အထက-ဝက်လူး၊ အထ က- လက်ဝဲ+မြင်းနီတို့တွင် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၈၉၁)ဦးရှိပြီး၊ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၁၁)ဦး ဝင်ရောက်ဖြေဆိုကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှသိရ သည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ် ချုပ်ရေးမှူး များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်