ခေါင်လန်ဖူးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ စတင်ဖြေဆို

ခေါင်လန်ဖူး မတ် ၃၁

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့၊ ခေါင်လန်ဖူးစာစစ်ဌာနတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှစ၍ မြန်မာစာဘာသာကို စတင်ဖြေဆိုနေပြီး အတွင်းဖြေ/ အလွတ်ဖြေ စာရင်းရှိမှာ ကျား (၁၅)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၄၅)ဦး၊ ပထမရက်တွင် ဖြေဆိုသူမှာ ကျား (၁၄)ဦး၊ မ (၂၁)ဦး၊ ပေါင်း (၃၅)ဦး၊ ပျက်ကွက်သူမှာ ကျား (၁)ဦး မ (၉)ဦး၊ ပေါင်း (၁၀)ဦးရှိကြောင်း သိရပါသည်။

အဆိုပါစာမေးပွဲကို ကျောင်းသား‌ ကျောင်းသူများ အဆင်‌ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးများချထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ‌ထားရှိခြင်းတို့ ဆောင်ရွက်ထားရှိပြီး ၎င်းစာမေးပွဲအတွက် အခြားလိုအပ်သည်များကိုလည်း ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အေးချမ်းစွာ ဖြေဆိုနေကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)