ပျော်ဘွယ်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

ပျော်ဘွယ်   မတ်   ၃၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အထက(၁)နှင့်အထက(၂) အပါအဝင် စာဖြေဌာန(၁၁)ခုသတ်မှတ်ထား ရှိကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိကျောင်းသား (၁၁၇၇)နှင့်ကျောင်သူ(၁၆၁၆) စုစုပေါင်း(၂၇၉၃)ဦးရှိပြီး ဖြေဆိုသူကျောင်းသား(၁၀၈၃)ဦး နှင့် ကျောင်းသူ(၁၅၅၅)ဦး စုစုပေါင်း(၂၆၃၈)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်ကျောင်းသား (၉၄)ဦး နှင့်ကျောင်းသူ(၆၁)ဦး စုစုပေါင်း( ၁၅၅)ဦးရှိကြောင်း‌ ပျော်ဘွယ်မြို့နယ်အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)