သိန္နီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆို

သိန္နီ   မတ်   ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ..က() စာစစ်ဌာန၌ ကျင်းပရာ ကျောင်းသား/သူ (၂၁၉)ဦးက ယနေ့ မြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

သိန္နီမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူ အတွင်းဖြေ (၁၈၂)ဦး၊ အပြင်ဖြေ (၅၈)ဦး စုစုပေါင်း (၂၄၀)ဦးရှိပြီး အမှန်တကယ်လာရောက်ဖြေဆိုသူမှာ အတွင်းဖြေ (၁၇၇)ဦး၊ အပြင်ဖြေ (၄၂)ဦး စုစုပေါင်း (၂၁၉)ဦးရှိရာ ရာခိုင်နှုန်းအားဖြင့်  စုစုပေါင်း ၉၁.၂၅ ရာခိုင်နှုန်း လာရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စောဥမ္မာ(သိန္နီ)