လမ်းမတော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ စတင်ဖြေဆိုလျက်ရှိ

လမ်းမတော် မတ် ၃၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၂၇၉) ဦးမှ ယနေ့နံနက် (၉) နာရီ အချိန်ကစ၍ ​နေ့လည်၁၂ နာရီထိ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ​ဖြေဆိုကြရမည်ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ် အမှတ် (၁)အ​ခြေခံပညာအထက်တန်း​ကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ် အတွင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၄) ဦး၊ ပြင်ပမှ​ဖြေဆိုမည့်သူ(၇၅)ဦး စုစု​ပေါင်း (၂၇၉)ဦး ဖြေဆိုကြမည်ဖြစ်​သည်။ စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၁၃၈)ဦး၊ ကျောင်းသူ ( ၁၄၁ ) ဦး၊ စုစုပေါင်း (၂၇၉)ဦး ရှိပြီး ကျောင်းသား(၂၀)ဦး၊ ကျောင်းသူ (၈) ဦး၊ စုစုပေါင်း (၂၈)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်၊၊ လမ်းမတော်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၈၉. ၉၆ ရာခိုင်နှုန်းဖြေဆိုကြကြောင်း လမ်းမတော်မြို့နယ်တွင် အ.ထ.က ကျောင်း (၂) ကျောင်း၊ အ.လ.က ကျောင်း (၁) ကျောင်း၊ အ.မ.က ကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်း ()ကျောင်း ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။

ကျော်ဆန်းမြင့်