ချောင်းဆုံမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၅)ခု၌ ကျောင်းသား/ကျောင်းသူ (၈၄၁)ဦး ဖြေဆို

ချောင်းဆုံ မတ် ၃၁

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံရှိ စာစစ်ဌာနများမှ မတ်လ (၃၁)ရက်နေ့ မှ ဧပြီ ၉ ရက်နေ့အထိကျင်းပရာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ စာစစ်ဌာန(၅)ခုမှ ယနေ့နံနက် ၉ နာရီက စတင်၍ မြန်မာစာဘာသာရပ်ကို ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်သွင်းသူ(၉၁၀)ဦးရှိပြီး ချောင်းဆုံ စာစစ်ဌာနတွင် ဖြေဆိုသူ(၂၃၆)ဦး၊ (အ.ထ.က)ရွာလွတ် စာစစ်ဌာနတွင် ဖြေဆိုသူ (၂၂၃)ဦး (အ.ထ.က)မုရစ်ကလေး စာစစ်ဌာနတွင်ဖြေဆိုသူ (၁၄၄)ဦး၊ (အ.ထ.က)မုဒွန်း စာစစ်ဌာနတွင် ဖြေဆိုသူ(၁၈၀)ဦး၊ (အ.ထ.က)သက္ကော စာစစ်ဌာနတွင်ဖြေဆိုသူ(၅၈)ဦး၊ စုစုပေါင်းဖြေဆိုသူ (၈၄၁)ဦးရှိပြီး ပျက်ကွက် (၆၉)ဦးဖြစ်ကာ မြို့နယ်အနေဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၉၂.၄၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)