မိုင်းဆတ် မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက် (၉)နာရီက အထက(မိုင်းဆတ်)စာစစ်ဌာနတွင် မြန်မာစာ ဖြေဆိုမှုအေးချမ်းစွာပြီးစီးခဲ့ကြောင်း သိရသည်။
အထက(မိုင်းဆတ်)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ (၃၂၀)ဦးရှိသည့်အနက် ကျောင်းတွင်းဖြေ ဘာသာတွဲ(၁)မှ ကျောင်းသား(၄၆)ဦး၊ ကျောင်းသူ(၆၂)ဦး၊ ဘာသာတွဲ(၂)မှ ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ(၂၀)ဦး၊ ဘာသာတွဲ(၇)မှ ကျောင်းသား(၈)ဦး၊ ကျောင်းသူ(၁၂)ဦးနှင့် ပြင်ပမှဝင်ရောက်ဖြေဆိုသူ ဘာသာတွဲ(၁)မှ ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ(၈၇)ဦး၊ ဘာသာတွဲ(၂)မှ ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၃)ဦး၊ ဘာသာတွဲ(၇)မှ ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၃)ဦး၊ စုစုပေါင်း(၂၈၆)ဦး မြန်မာစာဘာသာရပ်အား ဖြေဆိုခဲ့ကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဌာနဆိုင်ရာများ တာဝန်ကျဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာစာဘာသာရပ်အား စိတ်အေးချမ်းသာစွာဖြေဆိုခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)