ပြင်ဦးလွင်မြို့နယ်ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား / ကျောင်းသူများ ဝင်ရောက်ဖြေဆို 

ပြင်ဦးလွင် မတ် ၃၁ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ပြီး သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၂  ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင်  စာရင်းရှိ ( ၃၇၂၀) ဦး၊ ဖြေဆိုသူ ( ၃၄၄၃) ဦး၊ ပျက်ကွက်သူ ( ၂၇၇ ) ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၂.၅၅ ) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

အဆိုပါ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ အေးချမ်းစွာဖြေဆိုသွားလာနိုင်ရန်အတွက် ခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။ 

(ခရိုင်၊ ပြန်/ဆက်)