သာစည် မတ် ၃၁
၂၀၂၂ ခုနှစ် ယနေ့၌ စတင်ကျင်းပဖြေဆိုသော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စာစစ်ဌာန ၅ ခုဖြင့် ကျောင်းသား/သူပေါင်း ၁၇၉၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အထက(၁)သာစည် စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ၄၉၄ ဦးနှင့် အပြင်ဖြေဆို ၂၀၂ ဦး၊ အထက-ညောင်ရမ်းစာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ၂၆၇ ဦးနှင့် အပြင်ဖြေဆို ၉၁ ဦး၊ အထက-ဟံဇားစာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆို ၁၈၄ ဦးနှင့် အပြင်ဖြေ ၈၅ ဦး၊ အထက-ယင်းမာပင်စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ၁၄၉ ဦးနှင့် အပြင်ဖြေ ၄၂ ဦး၊ အထက -မယ်ဇလီကန်စာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ၂၂၂ ဦးနှင့် အပြင်ဖြေ ၅၇ ဦး တို့ ဖြစ်ကြောင်းသိရသည်။ သာစည်မြို့နယ်စာစစ်ဌာန ၅ ခုတွင် ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား/သူ ၈၉.၆၅ ရာခိုင်နှုန်းရှိ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)