သံဖြူဇရပ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပ

သံဖြူဇရပ် မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်း စာဖြေဌာနပေါင်း(၅)ခုရှိပြီး ဖြေဆိုသူပေါင်း(၁၀၆၃)ဦးဖြေဆိုခဲ့ရာ ၉၅.၂၅ ရာခိုင်းနှုန်း လာရောက်ဖြေဆို လျက်ရှိကြောင်း သံဖြူဇရပ်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာများကို ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ အရန်စာဖြေခန်းများထားရှိမှု၊ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းများ၊ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်စွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်း၍ ကူညီဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)