လွိုင်လင်မြို့နယ် စာစစ်ဌာန (၅) ခုတွင် တက္ကသိုလ်ဝင်တန်းဖြေဆို

လွိုင်လင် မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် စာစစ်ဌာန (၅) ခုတွင်ကျောင်းသူ/ကျောင်းသား (၈၀၆)ဦး ဝင်ရောက်ဖြေဆိုကြသည်။

အဆိုပါစာစစ်ဌာနများသို့ လွိုင်လင်တပ်နယ်မှူး၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည်ရှု့အားပေးပြီးနောက် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံ‌ရေးအထူးဂရုပြုရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့်၊ ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှားကြားခဲ့သည်။

လွိုင်လင်မြို့နယ် စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဖြေဆိုရန် စားရင်းပေးသွင်းထားသူ (၈၈၉) ဦးရှိသည့်အနက် ယနေ့ဝင်ရောက်ဖြေဆိုသူ (၈၀၆) ဦးရှိပြီး ဖြေဆိုမှုပျက်ကွက်သူ (၈၃) ဦးရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့်  (၉၀.၆၆) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လွိုင်လင်မိုး