နမ့်ခမ်းမြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

နမ့်ခမ်း   မတ်   ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ()နာရီအချိန်တွင် ကျောင်းသား/သူများက ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ စတင်ဖြေဆိုလျှက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်စာစစ်ဌာနအဖြစ် ကျင်းပလျက်ရှိရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၁၂၉)ဦး ရှိသည့်အနက် ယနေ့နံနက် ()နာရီအချိန် စာမေးပွဲလာရောက်ဖြေဆိုသူ (၉၉)ဦးရှိပြီး  ပျက်ကွက်သူ (၃၀)ဦးရှိရာ နမ့်ခမ်းမြို့နယ်စာစစ်ဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲလာရောက်ဖြေဆိုမှု ရာခိုင်နှုန်းအားဖြင့် (၇၆.၇၄၄၂ %) ရှိသည်။

နမ့်ခမ်းမြို့နယ် ..က()ကျောင်း စာစစ်ဌာနတွင်  စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများကို  အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် အတွင်းစည်း၊ အပြင်စည်း ကန့်သတ်ထားရှိပြီး  အပြင်စည်းတွင် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းနှင့် ကြက်ခြေနီအသင်းများ ထားရှိကာ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ကို အေးချမ်းစွာဖြေဆိုလျှက်ရှိကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)