ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ စတင်ဖြေဆို

ဝိုင်းမော် မတ် ၃၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ယ‌နေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပပြီး စာစစ်ဌာန(၃)ခုနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ ကျောင်းသူ/ သားပေါင်း (၇၇၅)ဦး စတင်ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို‌ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၈၇၆)ဦးရှိရာ လာရောက်ဖြေဆိုသူ‌ ကျောင်းသား (၂၈၂)ဦး၊ ကျောင်းသူ (၄၉၃)ဦး၊ ပေါင်း (၇၇၅)ဦးရှိပြီး ပျက်ကွက်သူ‌ ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ(၄၉)ဦး၊ ပေါင်း(၁၀၁)ဦး လာရောက်ဖြေဆိုမူ မရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စာမေးပွဲကို မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ သတ်မှတ်ချက် များနှင့် အညီ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်(ပြန်/ဆက်)