မန္တလေး စက်တင်ဘာ ၁
အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာမှုမရှိသူများကို ယခုဝယ်ယခုတပ်စနစ်ဖြင့် အသိ ပညာပေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ၁၉ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်ဦးဆောင်သောကော်မတီဝင်များ၊ ထွေအုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နှင့် ရာအိမ်မှူးများကစုပေါင်း၍ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာမှုမရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းများ ဆောင် ရွက်ပြီး နှာခေါင်းစည်းတစ်ခုလျှင် ၂၅၀၀ ကျပ်နှုန်း ပေးဆောင်စေလျက် တစ်ပါတည်းတပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)